🎉Terminal M Shopping Mall Swe Taw City Condo အရောင်း
WU-2179
💵 စျေးနှုန်း (3700)သိန်း
▶Building – A
▶Floor – 8th Floor
▶Room Type – 2 Bedroom
▶အခန်းအကျယ် – 1,000 Sqft
▶အခန်းအမြင့် – 9.5 ပေ အမြင့်
▶Master Bedroom (၁) ခန်း
▶Single Bedroom (၁) ခန်း
▶Store Room (၁) ခန်း
▶ရေချိုးခန်း+အိမ်သာတွဲလျက် (၂) ခန်း
▶အိပ်ခန်းဝရန်တာ (၁) ခု
▶ဧည့်ခန်းဝရန်တာ (၁) ခု
▶Car Parking (၁) စီးစာ Free
▶၂၄ နာရီ ရေ/လျှပ်စစ်မီး
▶ရေလိုင်း (၂) လိုင်း (ဂျိုးဖြူ + အဝီစိ)
▶၂၄ နာရီ လုံခြုံရေး
▶Passenger Lift (၃) စင်း၊ Cargo ▶Lift (၁) စင်း
▶Backup Generator
▶Backup Solar System
▶Built-In ရေပူ/ရေအေးစနစ် ပါဝင်ပြီး
▶Video Intercom, Guard Call, and Access Control စနစ်
▶LG Dual Inverter Aircon (၃) လုံး
▶LG 2 Door ရေခဲသေတ္တာ (၁) လုံး
▶၂ အိုးချက် Build-In Gas Strove တပ်ဆင်ပြီး
▶တစ်ယောက်အိပ်ခုတင် (၂) လုံး
▶နှစ်ယောက်အိပ် ခုတင် (၁) လုံး
ဗီဒို (၂) လုံး
▶Dining Table and Chairs Set
▶၆ ယောက်ထိုင် 6 Seaters Sofa Set
🏕အချိုးကျမြေပိုင်ဆိုင်မှုရရှိမယ့် ဧက ၃၀ ကျော်ကျယ်ဝန်းတဲ့ Swe Taw City Condo က 2 Bedroom အခန်းလေး ငွေလိုလို့ အမြန်ရောင်းချင်ပါတယ်ခင်ဗျာ။ အလင်းရောင် လေဝင်လေထွက်ကောင်းတဲ့ Golf ကွင်း View မျက်နှာစာဘက်အခြမ်းဖြစ်ပါတယ် အတွင်းဘက်အခြမ်း မဟုတ်ပါခင်ဗျာ။
⛺Nearby Places
Terminal M Shopping Mall
အောင်မင်္ဂလာ အဝေးပြေး
EV Charging Stations
ဆီဆိုင်များ
Royal Mingaladon ဂေါက်ကွင်း
Thanlwin Private School
ယူနန် Restaurant
Hotels & Bars
Thingangyun Gyi Market
✔အခန်းက Open Type ဖြစ်တဲ့အတွက် အလင်းရောင် လေဝင်လေထွက်အထူးကောင်းပါတယ်။ ပတ်ဝန်းကျင် အခြေအနေကတော့ ဆိပ်ငြိမ်သန့်ရှင်းပြီး Foreigner အများစု နေထိုင်တာဖြစ်တဲ့အတွက် အတော်လေးလူသန့်တဲ့ပတ်ဝန်းကျင်ရှိပါတယ်။ Private ဆန်ပြီး ခရေပင်ရိပ်သာအိမ်ယာ၊ ပျဥ်းမရိပ်သာအိမ်ယာ၊ ကံ့ကော်ရိပ်သာအိမ်ယာ၊ စွယ်တော်ရိပ်သာအိမ်ယာ၊ Golf ကွင်းတို့နဲ့ တစ်ဆက်တည်းတည်ရှိပါတယ်။ အလွှာတိုင်းမှာ နေ့စဥ်အမှိုက်သိမ်းစနစ်နဲ့ သန့်ရှင်းရေးစနစ်ရှိပါတယ်။ ကျယ်ဝန်းတဲ့ ပန်းခြံနဲ့ လျှောက်လမ်းတွေ အားကစားလုပ်ရန်နေရာတွေ ရှိပါတယ်။ အိမ်ယာဝန်းတစ်ခုလုံး သစ်ပင်ပန်းပင်များ အရိပ်ရအပင်များနဲ့ အတော်လေးအရိပ်ရပြီး စိမ်းလန်းမှုရှိပါတယ်။ Foreigner အနေများတဲ့အတွက် အိမ်ငှားစျေးကွက်အနေနဲ့ Korean, Chinese, Japanese များအဓိကရှိပါတယ်။ အေးအေးချမ်းချမ်းနဲ့ လုံခြုံစိတ်ချရမှုအပြည့်နဲ့နေချင်တဲ့ လူကြီးမိဘများအတွက်လည်း အလွန်ကိုအဆင်ပြေပါတယ်။ 2025-May လမှာ မြို့ပြအင်ဂျင်နီယာဌာနအား စုပေါင်းငှားရမ်းပြီး ငလျင်ဒဏ်ခံနိုင်မှုကို စစ်ဆေးထောက်ခံချက်အပြည့်အဝ ရရှိထားပြီးဖြစ်တာကြောင့် စိတ်အေးချမ်းသာစွာ နေနိုင်ပါတယ်။ VIP အိမ်ယာဝန်းတွေနဲ့ တစ်ဆက်တည်းရှိပြီး အချိုးကျမြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်တဲ့အတွက် နှစ်တိုင်းတန်ဖိုးဆက်တက်မယ်ဆိုတာ အာမခံပါတယ်။
☑အိမ်ယာဝန်းအတွင်းသို့ YBS ယာဥ်လိုင်းမရောက်တဲ့အတွက် ကားတစ်စီးလောက်တော့ရှိမှ အဆင်ပြေပါမယ်ခင်ဗျာ။ Down Town ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း စတဲ့နေရာတွေနဲ့ဝေးပါတယ် ကိုယ်တိုင်လည်း မြို့ထဲအထိ နေ့စဥ်အလုပ်သွားနေရတာဖြစ်လို့ ၄၅ မိနစ်လောက် အချိန်ပေးရပါတယ်။ ပတ်လည်မှာ အိမ်ယာဝန်းတွေနဲ့ ဂေါက်ကွင်းပဲရှိတာကြောင့် စျေးဆိုင်စတိုးဆိုင် မရှိပါဘူး ဝန်းထဲမှာ City Express ၁ ဆိုင် နဲ့ စားသောက်ဆိုင် ၂ ဆိုင်ပဲရှိပါတယ်။ များသောအားဖြင့် Terminal M (Ocean) မှာပဲ ဝယ်လို့အဆင်ပြေပါတယ်။
✅ဘဏ်ချိတ်ဝယ်ယူရန် စိတ်ဝင်စားသူများအတွက်
လက်ရှိအခန်းက Yoma Bank ကနေ ၂၅ နှစ် Home Loan ကျထားပြီးအခန်းဖြစ်ပါတယ်ခင်ဗျာ။ Down Payment ၂,၁၀၀ သိန်းဝန်းကျင်ချမည်ဆိုပါက အစအဆုံးဘဏ်ပြန်ချိတ်စရာမလိုပဲ ကျန်ငွေကို ၂၄ နှစ်အရစ်ကျဖြင့် ရှေ့နေရှေ့ရပ်နဲ့ စာချုပ်ရုံးမှာ Power လွှဲယူပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ အစအဆုံးဘဏ်ပြန်ချိတ်ချင်ပါက မိမိချိတ်လိုတဲ့ဘဏ်မှာ Home Loan ပြန်ဖွင့်/မဖွင့်၊ အတိုးနှုန်းပြောင်းလဲခြင်းရှိ/မရှိ၊ Home Loan ရရှိနိုင်မည့်ကာလ အတို/အရှည်ကို ဦးစွာစုံစမ်းဖို့ အကြံပြုပါတယ်ခင်ဗျာ။ လက်ရှိကြားနေရတဲ့သတင်းတွေအရ ဘဏ်အတော်များများက Home Loan အသစ်တွေချမပေးသေးသလို အခြား Bank ရဲ့ Homeloan ကို Re-financing နဲ့ပြန်မချိတ်ပေးသေးဘူးလို့ သိထားရလို့ပါခင်ဗျ။
💰ငွေပေးချေမှုများ
➖ညှိုနှိုင်းဝယ်ယူနိုင်ပါသည်။(အချိန်နဲ့ တပြေညီ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါသည်။)
Compare listings
Compare